ပြိုင်ဆိုင်မှုတွေပြင်းထန်ပြီး ဖိစီးမှုတွေများလွန်းတဲ့ ယနေ့ခေတ်မှာ သင့်ကလေးကို အိမ်မက်တွေကို အကောင်အထည် ဖော်နိုင်တဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလေး ဖြစ်စေချင်ပါသလား ?

Shichida Method ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ သမိုင်းဝင် ပညာရေးတစ်ခု ဖြစ်တဲ့အလျှောက် ကလေးငယ်များရဲ့ စိတ်ဓာတ်နှင့် အရည်အသွေးများ ဖွံ့ဖြိုးလာစေမယ့် ပညာရေးဖြစ်ပါတယ်။ Love, Encourage, Accept ဆိုတဲ့ Shichida ရဲ့ ဆောင်ပုဒ်အတိုင်း ချစ်ခြင်းမေတ္တာနဲ့ စိတ်နှလုံးသားကို အခြေခံပြီး ကလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးနေတဲ့ ဒီပညာရေးစနစ်ကြောင့် ကလေးငယ်များရဲ့ မွေးရာပါအရည်အသွေးတွေကို ညီညီမျှမျှ ဖွံ့ဖြိုးတိုးတက်ကာ စိတ်ဓာတ် နဲ့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်လေးတွေအဖြစ် လင်းလက်လာမှာပါ။


Shichida Assistant
Simply Download & Learn Offline

Download Now

SOCIAL MEDIA

                       

SIGN UP